ကန့်ဘလူ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၅၆ယောက်ကို တွေ့ရှိထားတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကျန်းမာရေး ဌာနနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်တွေကသိရပါတယ်။ ဒါပေမယ့် ဘီဘီစီကဆက်သွယ်ရရှိတဲ့ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တဲ့ နေရာမှာကူညီကယ်ဆယ်ပေးသူအချို့ကတော့ သေဆုံးသူ အနည်းဆုံး ၁၀၀ လောက် ရှိနိုင်တယ်လို့ ဘီဘီစီကိုပြောပါတယ်။ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု အကြောင်းစုံကို ကိုဇေယျာထွန်း က ဆက်ပြောပြပါမယ်။ အခုသတင်းထဲမှာ စိတ်ထိခိုက်စရာ ပုံရိပ်တွေ ပါနိုင်တဲ့ အကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။