ကချင်ပြည်နယ်က နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေ
ဒီနေ့ဟာ ၇၅နှစ်မြောက် ကချင်ပြည်နယ်နေ့ဖြစ်ပါတယ်။ အာဏာသိမ်းကာလမှာကျရောက်တဲ့ ဒီလိုနေ့မှာပဲ ကချင် ပြည်နယ်အတွင်းက နေရာအချို့ကို စစ်ကောင်စီတပ်ဖွဲ့တွေက လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေကို ဆက်လုပ်နေကြပါတယ်။ ဒါပေမဲ့ စစ်ကောင်စီ ဥက္ကဌ ကတော့ ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ဖက်ဒရယ်နဲ့ပြည်နယ်ဖွဲ့စည်းပုံဆိုင်ရာ ပြောပြချက်တွေပါတဲ့ သဝဏ်လွှာ ကို ထုတ်ပြန်ပြောဆိုခဲ့ပါသေးတယ်။ ၇၅ နှစ်မြောက် ကချင်ပြည်နယ်နေ့ မှာ ပြည်နယ်အတွင်း စစ်ရေး အခြေအနေနဲ့ နိုင်ငံရေးအခင်းအကျင်း ဘယ်လိုရှိနေပါလဲ။ ကိုဇေယျာထွန်းက ဆက်ပြောပြပါမယ်။