ကချင်ပြည်နယ်တွင်းက စစ်ရေးတင်းမာမှု အခြေအနေ

ဗီဒီယို ပုံစာ, ကချင်ပြည်နယ်တွင်းက စစ်ရေးတင်းမာမှု အခြေအနေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ထဲက ကေတီဗီတစ်ခုမှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၂ရက်နေ့ ညပိုင်းက ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ကအုပ်ချုပ်ရေးအရာရှိ ၁၃ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံ ခဲ့ရသူတွေကို မြစ်ကြီးနားက စစ်ဘက်ရေးရာလုံခြုံရေးတပ် (စရဖ)ကနေ စစ်ဆေးနေတယ်လို့ ကေအိုင်အိုနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။

အခုလိုဖမ်းဆီးမှုတွေအပြင် စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ကချင်ပြည်နယ်အတွင်းက အကြောင်းတွေကိုတော့ ကိုဇေယျာထွန်းက ပြောပြမှာပါ။