ကေအိုင်အို အထိမ်းအမှတ်ပွဲကို စစ်ကောင်စီ လေကြောင်းကတိုက်

ဗီဒီယို ပုံစာ, ကေအိုင်အို အထိမ်းအမှတ်ပွဲကို စစ်ကောင်စီ လေကြောင်းကတိုက်

ကေအိုင်အို တည်ထောင်တာ ၆၂နှစ်ပြည့်အထိမ်းအမှတ်ပွဲ ကျင်းပနေတဲ့ နေရာကို မနေ့ညက စစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ စုစုပေါင်း ၈၀ကျော်ရှိတယ်လို့ ကေအိုင်အေဘက်က ဘီဘီစီကိုအတည်ပြုထားပါတယ်။ လက်ရှိမှာတော့ ဒဏ်ရာရသူတွေကို ကူညီဖို့ မှာလည်း စစ်ကောင်စီကတားဆီးထားတာကြောင့် ဖားကန့်မြို့ပေါ်ကို သယ်ယူလို့မရသေးတဲ့ အကြောင်းအပါအဝင် အနန်းပါ၊ ကံစည်းကနောက်ဆုံးရအခြေအနေကို ကိုဘိုဘိုက စုစည်းပြောပါမယ်။