NUG ၀န်ကြီးတွေနဲ့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးတွေ့ဆုံ

ဗီဒီယို ပုံစာ, NUG ၀န်ကြီးတွေနဲ့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးတွေ့ဆုံ

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အက်ဘ်ဒူလာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးတချို့ဟာ မနေ့ကအမေရိကန်မှာတွေ့ဆုံခဲ့ကြပြီး လက်ရှိမြန်မာ့ နိုင်ငံတွင်းက အခြေအနေတွေက ဆွေးနွေးခဲ့ကြတယ်လို့ နှစ်ဖက်လုံးက သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရော NUG အစိုးရအတွက်ပါ နိုင်ငံတကာအသိအမှတ်ပြုခံရရေးအတွက် အရေးပါတဲ့ ကုလအစည်းအဝေးကာလမှာ အခုလိုတွေ့ဆုံမှုတွေရှိလာတာဟာ ဘယ်လိုသက်ရောက်မှုတွေရှိနိုင်မလဲ။ အကြောင်းစုံကို ကိုဇေယျာထွန်း က စုစည်းပြောမှာပါ။