စစ်ပွဲတွေရပ်ဖို့ တရုတ်တိုက်တွန်းချက် ကေအိုင်အို အလေးထားစဉ်းစား

ဗီဒီယို ပုံစာ, စစ်ပွဲတွေရပ်ဖို့ တရုတ်တိုက်တွန်းချက် ကေအိုင်အို အလေးထားစဉ်းစား

မြန်မာနိုင်ငံတွင်း တိုက်ပွဲကာလကြာရှည်နေပြီး ဒီအကျပ်အတည်းကို အချိန်မီ မဖြေရှင်းနိုင်ရင် တနိုင်ငံလုံး အလုံးစုံ ပျက်သုဉ်းရေးကို ရောက်သွားနိုင်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် ကေအိုင်အိုကဇန်နဝါရီလ ၂၆ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံမှာ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွေ ကျင်းပတော့မှာ ဖြစ်လို့ နယ်စပ်ဒေသအပါအဝင် နိုင်ငံတဝန်း တိုက်ပွဲတွေ ရပ်ထားဖို့ တရုတ်နိုင်ငံရဲ့ တိုက်တွန်းချက်ကိုလည်း အလေးထား စဉ်းစားသွားမယ်လို့ ဆိုပါတယ်။

အပြည့်အစုံကိုတော့ မအိမ့်ခိုင်ဦးက ဆက်ပြောပြမှာပါ။