မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတာ ရက် ၁၀၀

ဗီဒီယို ပုံစာ, မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတာ ရက် ၁၀၀

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ရက် ၁၀၀ ရှိပါပြီ။ နိုင်ငံတဝန်းသပိတ်တွေဆက်ရှိနေသလို၊ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒေသအလိုက်ပေါ်လာလို့ စစ်ကောင်စီတပ်တွေနဲ့ကြား တိုက်ပွဲတွေရှိနေပါတယ်။ ဒီ ရက် ၁၀၀ အတွင်းဖမ်းဆီးခံထားရသူ ၄၀၀၀နီးပါးနဲ့ သေဆုံးသူ ၈၀၀နီးပါးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ အေအေပီပီစာရင်းမှာဖော်ပြထားပါတယ်။ဒီကနေ့ နိုင်ငံတဝန်းသပိတ်တွေနဲ့ ထူးခြားဖြစ်ရပ်တွေအကြောင်း၊မညိုလဲ့ရည်ကစုစည်းပြောပြပေးထားပါတယ်။