ကိုဗစ်ကာကွယ်ဆေးတွေ ပို့ဆောင်ဖို့ စင်္ကာပူပြင်ဆင်
ကမ္ဘာတဝန်းနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ ထိုးနှံဖို့ စတင်နေပြီ ဖြစ်ပြီး အရင်ကမကြုံခဲ့ဖူးတဲ့ စိန်ခေါ်ချက်တွေလည်း ရှိပါတယ်။
အာရှမှာ ကာကွယ်ဆေးထိုးဖို့ လိုအပ်တဲ့ လူပေါင်း ၄ ဘီလီယံလောက် ရှိပါတယ်။
ကိုဗစ်ကာကွယ်ဆေးတွေ သယ်ယူပို့ဆောင်ဖို့အတွက် စင်္ကာပူနိုင်ငံဟာ အာရှမှာ အချက်အချာကျတဲ့ နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။
ဒီအတွက် စင်္ကာပူက စီးပွားရေး လုပ်ငန်းတွေ ဘယ်လိုပြင်ဆင်နေလဲဆိုတဲ့အကြောင်း ဘီဘီစီသတင်းထောက် Karishma Vaswani သတင်းပေးပို့ထားတာကို မသီဒါနွယ်က ပြန်ပြောပြမှာပါ။