ကိုရိုနာကြောင့် တစ်ကမ္ဘာလုံး အလုပ်များနေချိန် IS အစ္စလာမ်မစ်အဖွဲ့ပြန်ခေါင်းထောင်လာ
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးဖြစ်နေတဲ့ အချိန်ကာလအတွင်း၊ ဆီးရီးယားနဲ့ အီရတ်မှာ အစ္စလာမ်မစ် IS အဖွဲ့တွေဟာ ပြန်လည် ခေါင်းထောင် လာခဲ့ပါတယ်။ သူတို့က ကိုရိုနာဗိုင်းရပ်စ် ကို ဘုရားသခင်ရဲ့ စစ်သည်လေးတွေ ဆိုပြီး တင်စားခေါ်ဝေါ်ခဲ့ကြပြီး၊ ပျောက်ကျား စစ်ဆင်ရေးတွေ၊ လုပ်ကြံ သတ်ဖြတ်မှုတွေ ကို လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ဗိုင်းရပ်စ် ကြောင့် အိုင်အက်စ် ကို နှိမ်နှင်းနေတဲ့ တပ်ဖွဲ့ဝင်တွေ နည်းပါးနေတဲ့ အချိန်မှာ ပြန်လည် ခေါင်းထောင်လာတာဖြစ်ပါတယ်။ ဘီဘီစီ အရှေ့အလယ်ပိုင်းရေးရာ သတင်းထောက် ကွင်တန် ဆန်းမားဗီးလ်ရဲ့ သတင်းကို ကိုသိမ်းမြတ်က ပြောပြပေးမှာပါ။