ဟောင်ကောင် ဆန္ဒပြသူတွေ ပါလီမန်ကို ဘာကြောင့် စီးနင်းခဲ့သလဲ
ဟောင်ကောင်မှာ ပြီးခဲ့တဲ့ ဇွန်လက စပြီး ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေ နဲ့ပတ်သက်လို့ ဖမ်းဆီး ခံရသူပေါင်း ၁၅၀ ကျော်ရှိပြီဖြစ်ပါတယ်။ ဆန္ဒပြသူတွေက အခု ဆိုင်းငံ့လိုက်ပြီဖြစ်တဲ့ တရုတ်ကလိုအပ်တဲ့ တရားခံတွေကို ပို့ပေးရမယ့် ဥပဒေကို လုံးဝ ဖျက်သိမ်းပစ်ဖို့၊ ဒီမိုကရေစီ အပြည့်အဝ ရဖို့နဲ့ ဖမ်းဆီးခံ ဆန္ဒပြသူတွေကို လွတ်ငြိမ်းခွင့်ပေးဖို့တွေကို တောင်းဆိုနေကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်က ဟောင်ကောင် ပါလီမန်ကို ဝင်ရောက် စီးနင်းခဲ့တဲ့ ဆန္ဒပြသူ တွေနဲ့ဘီဘီစီ တွေ့ဆုံနိုင်ခဲ့ပါတယ်။ အဲဒီလူတွေကိုလည်း အဓိကရုဏ်း ပစ်မှုတွေနဲ့ စွဲချက်တင်ထားပြီး အပြစ်ရှိကြောင်း တွေ့ရှိရင် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ပါတယ်။
ဘီဘီစီနဲ့တွေ့ဆုံခဲ့ရာမှာ သူတို့ ဘယ်သူ ဘယ်ဝါဆိုတာ မပြောဘဲ တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။ နောက်ပြီး သူတို့ ဘယ်သူဘယ်ဝါဆိုတာ ကို မသိနိုင်စေဖို့ သရုပ်ဆောင်တွေရဲ့ အသံတွေနဲ့ အစားထိုးထားပါတယ်။
ကိုမင်းထက်က ပြောပြမှာပါ။