တရုတ်ပြည်က လိုအပ်တဲ့ သူတွေကို လွှဲပေးဖို့ ဥပဒေကြမ်းသေသွားပါပြီ

ဗီဒီယို ပုံစာ, တရုတ်ပြည်က လိုအပ်တဲ့ သူတွေကို လွှဲပေးဖို့ ဥပဒေကြမ်းသေသွားပါပြီ

ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက တရုတ်ပြည်က လိုအပ်တဲ့ ရာဇဝတ်မှုကျူးလွန်သူတွေကို လွှဲပေးဖို့ ဥပဒေကြမ်းဟာ သေသွားပါပြီလို့ ကြေညာလိုက်ပါတယ်။

အဲဒီ ဥပဒေကြမ်းကို ပြဋ္ဌာန်းဖို့ စလုပ်တဲ့အချိန်ကစပြီး လူသန်းနဲ့ ချီလို့ လမ်းတွေ ပေါ်ထွက် ဆန္ဒပြခဲ့ကြတယ်။ ဥပဒေကြမ်းကို အပြီးတိုင် ရုပ်သိမ်းလိုက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

အခုလို ရပ်ပေးလိုက်ပြီဆိုတော့ လူထုက ကျေနပ်နိုင်ကြမှာလား။ ကိုထက်အောင်က ဆက်ပြောပြမှာပါ။