ကုလအတွင်းရေးမှူးချုပ်ဟောင်း မြန်မာနိုင်ငံလာရောက်

ဗီဒီယို ပုံစာ, ကုလအတွင်းရေးမှူးချုပ်ဟောင်း မြန်မာနိုင်ငံလာရောက်

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းလည်းဖြစ် The Elders အဖွဲ့ရဲ့ ဒုတိယဥက္ကဌလည်းဖြစ်သူ မစ္စတာဘန်ကီမွန်းက ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။ သူ့ရဲ့ ခရီးစဥ်အတွင်း စစ်ကောင်စီအဖွဲ့ခေါင်းဆောင်အပြင် အခြားတွေ့ဆုံဆွေးနွေးတာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့တာပါလဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရှိခဲ့ ပါသလား အပြည့်အစုံကို ကိုကျော်ဇေယျက ပြောပြမှာပါ။